Skip to content
Lumen

ထိုင်းနိုင်ငံကိုအလည်လာမယ်ဆိုရင်

in#steemit

ဒီနေ့ fb မှာ Bangkok airwayလေကြောင်းလိုင်း နှင့် ဘန်ကောက်သို့ လိုက်ပါလာပြီ့း  ပါတ်စပို့ သက်တမ်း ၆ လမကျန်တော့ လို့  ပြည်ဝင်ခွင့် မရပဲတဲ့ ဧည့်သည်တစ်ယောက် အကြောင်း ဖတ်လိုက် ရပါတယ်။

သူ့ ခမျာ ထိုင်း ကို မိဘနဲ့ အတူတူ လာတဲ့ ပုံပါပဲ။ ထိုင်း Immergation ကသူ့ ကို ပြည်ဝင်ခွင့် မပေးတဲ့ အခါ အတူလာတဲ့ မိဘနှင့် တစ်ကွဲ တစ်ပြားဖြစ်သွားပြီး လူစုကွဲသွား ပါတယ် ။ မိဘလုပ်သူကငွေ ကိုင်ထားတော့ အရေး အကြောင်း ဖြစ်ပြီး ရေတောင်ဝယ်သောက် ဖို့ ပိုက်ဆံမပါ လို့ တစ်ညနဲ့ တစ်နေ့ ထမင်းအငတ်ခံလိုက်ရတယ် လို့ သူ့ fb မှာတင်ထားတဲ့ စတေးတပ် ဖတ် လိုက်ရပါတယ်။ ဆိုးလိုက်တဲ့ ဒုက္ခ ပါ ပိုက်ဆံမရှိရင် လူဟာသေသွားတာနဲ့ အတူတူပါပဲ။သူ့ ခမျ ပိုက်ဆံ မပါပဲ ဘယ်လောက်တောင် ဒုက္ခရောက်မယ် မသိပါဘူး ။ပြီခဲ့ တဲ့ အပါတ်ကလည်းNok air လေကြောင်းလိုင်းဖြင့် လိုက်ပါလာပြီ့း ပါတ်စပို့ သက်တမ်းကုန် ၆လမကျန်တော့လို reject ထိပြီး ပြန်သွားရတဲ့ ပြန်သွားရတဲ့ မိတ်ဆွေတွေလည်းရှိပါတယ်။

နိုင်ငံရပ်ခြားခရီး သွားတော့ မယ်ဆိုရင် မိမိ ပါတ်စပို့ ကိုသက်တမ်း ၆လ ကျန် မကျန်အရင် စစ်ဆေးသင့် ပါတယ်။ မြန်မာပြည် Ground staff မှဝန်ထမ်းများအနေနဲ့ အလုပ်များတဲ့ အတွက်အမှု့ မဲ့ အမှတ်မဲ့ ဖြစ်ပြီး သေသေချာချာ မစီစစ်လိုက်တဲ့ အခါမျိုး မှာယခု လို ပြသနာတွေ ဖြစ်တဲ့ အတွက် မိမိပဲနစ် နာရပါတယ်။ဒီတော့ ကို့ တာဝန်ကို ယူပြီးခရီးထွက်မယ်ဆိုရင် အသေအချာ ပြင်ဆင်သင့် ပါတယ်။ တစ်ချို့ ကျတော့ လည်း သက်ဆိုင်ရာလေဆိပ် ဝန် ထမ်း ထက်ပိုသိပိုတတ်ပါတယ်။တစ်ခေါက်က နှစ်ခေါက် ရောက်ဖူးသူတွေ လေယာဉ် လက်မှတ် ကိုအသွားအပြန် တောင်မဝယ် ချင်ကြတော့ ပါဘူး ၊ ရှိုးမန်းနီး လည်း စိတ်မဝင်စားပါဘူး ၊ သူတို့ အကုန်သိ အကုန်တတ် လေ ဆိပ်ဝန်ထမ်း နဲ့ တောင်ပြသနာတက်တဲ့ သူတွေရှိပါတယ်။

ကို့ ကိုယ်ကို မှတာဝန်ယူမှု့ မရှိ ရင်တော့  ပြည်ပလေဆိပ်တိုင်းရဲ့ ပြည်ဝင် ဖို့ အတွက်ကျရင်တော့ မပြည့်မစုံဖြစ်တဲ့ အခါ ညိုးငယ်စွာနေရပါလိမ့်မယ် ။ လေဆိပ်မှာ ပြည်ဝင်ခွင့် မပေးတဲ့ သူတွေ အတွက် immergation မှာ မိမိ အမျိုးအဆွေ တွေ တစ်ယောက်နဲ့ တစ်ယောက် လုံးဝ ပေးမတွေ့ ပါဘူး ။ စင်္ကာပူလေဆိပ် ဆို ရင်ဖုန်းတောင် သိမ်းထားပြီးအဆက်အသွယ် မပေးလုပ်တဲ့ သာဓကတွေရှိပါတယ် ။့ ကျနော်တို့ အနေနဲ့ ငှက်မသိတော့ ဇရက်ကိုဂျိုး ထင် အချက်မသိတော့ သားမက် ကိုသူခိုးထင် အပေါက်ဆက် ဆံခံရပါတယ်။ နိုင်ငံရပ်ခြားခရီးသွားတော့ မယ်ဆိုရင် မိမိတို့ရဲ့ ပါတ်စပို့ သက်တမ်း ၆လ ကျန်မကျန်အရင် စစ်ဆေးကြည့်ကြပါ ။ မြန်မာနိုင်ငံ ရှိ ပါတ်စပို့ ထုတ်ပေးသည့်  ရန်ကုန် ၊ မန္တလေး ၊ပုသိမ် စတဲ့ နေရာများမှာသက်တမ်း ပြန်တိုးလို့ ရပါတယ် ။လေဆိပ်နဲသက်ဆိုင်သည့် စည်းကမ်းများကို နားလည် သိရှိနားလည်ဖို့ လိုအပ်ပါတယ်။

အထူးတလည်သတိပေးချင်တာကတော့ 

( ၁ ) မိမိတို့ ပါတ်စပို့ သက်တမ်း ၆လကျန် မကျန် စစ်ဆေးပါ ။ ( ၂ ) show money ယူဆောင်သွားပါ ။ ( ၃ ) အသွားအပြန်လေယာဉ်လက်မှတ်ဝယ်ပါ။ ( ၄ ) Arrival Card ခေါ် white card ကိုအပြည့်အစုံဖြည့်ပါ ။ ( ၅ ) တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ရအောင် ဆင်းကဒ်ကြိုဝယ်သွားပါ ။ ( ၆ ) မိမိနှင့် အတူခရီးသွားမည့် မိသားစုဝင်များအား အိပ်ဆောင်ငွေ များပေး ထားပါ ။ ( ၇ ) လေဆိပ်တွင်ယူဆောင်မရသော်ပစ္စည်းများ ကို လည်းကြိုတင်လေ့လာထားပါ ။

မှတ်ချက် ။တစ်ချို့  ၅ လလောက် သက်တမ်းကျန်ပေမဲ့ လာရောက်လည်ပါတ်ပြီး ပြန်သွားကြသော အမျိုးများရှိပါသည်။ ကံသာလျင်အမိဖြစ်ပါသည်။

လေဆိပ်တွင်သိထားသင့်သောအချက်များ https://www.facebook.com/bangkoksighseeing/photos/a.814693048625067.1073741828.814657565295282/1394170820677284/?type=3&theater#

လေယာဉ်ပေါ်မတက်မှီပြင်ဆင်ထားသောအချက်များ https://www.facebook.com/bangkoksighseeing/photos/a.814693048625067.1073741828.814657565295282/1390834727677560/?type=3&theater

ARRIVIAL CARD ဖြည့်စွက်နည်း

https://www.facebook.com/bangkoksighseeing/photos/a.814693048625067.1073741828.814657565295282/1278947952199572/?type=3&theater#

Depature card နှင့် ပက်သက်သမျှ

https://www.facebook.com/bangkoksighseeing/photos/a.814693048625067.1073741828.814657565295282/1279120718848962/?type=3&theater#

ထိုင်းလဝက နှင့် ပက်သက်သမျှ

https://www.facebook.com/bangkoksighseeing/posts/1259422947485406

vat refund လုပ်နည်း https://www.facebook.com/bangkoksighseeing/photos/a.814693048625067.1073741828.814657565295282/1280922932002074/?type=3&theater#

show money နဲ့ ပါတ်သက်ပြီးအသေးစိတ်သိချင်ရင် https://www.facebook.com/bangkoksighseeing/posts/958046550956382

#cardit original upload

·in#steemit·by
6
Sort:
  • zawmyothant profile picture

    thanks to your post ,it's very helpful for me,okay reply help me your welcome

    $0.00
    • myothant profile picture

      your welcome

      $0.00
    • tamuthar profile picture

      Done bro!

      $0.00
      • myothant profile picture

        thank you

        $0.00
      • minesaung profile picture

        လည်ချင်တယ် ပိုက်ပိုက်စုတုန်း 😁

        $0.00
        • myothant profile picture

          အင်း အနည်းဆုံးတော့ကိုယ်နဲ့အနီးဆုံးနိုင်ငံတော့သွားလည်သင့်တယ်နော်😊

          $0.00