Skip to content
Lumen
The Friend
in#myanmar
image Credit to google
အပိုင်း(၁)
အားလုံးပဲ မင်္ဂလာပါခင်မျာ… Embedded Image အခန်း(၁) ဓာတ်ခွဲခန်းထဲတွင် ဆရာဝန်တယောက် တစုံတခုအား လေ့လာစမ်းသပ်နေသည်။ တိတ်ဆိတ်ခြင်း၏နောက်ကွယ်တွင် တစုံတခုအား အသည်းအသန် အာရုံစူးစိုက်နေသည်က ဒေါက်တာဖြိုးလှိုင်ဖြစ်သည်။ ဆေးဝါးဖော်စပ်တဲ့နေရာမှာ တဖက်ကမ်းခတ် တတ်ကျွမ်းသူတဦးဖြစ်သည်။
Rayဆိုတဲ့ မြို့လေးမှာ ဒေါက်တာဖြိုးလှိုင်ဆိုလျှင် မသိတဲ့လူ မရှိသလောက်ပါပဲ။ နာမည်ကြီး ရောဂါ တော်တော်များးကိုတောင် ကုသနိုင်တဲ့ အရည်ချင်းရှိသူတယောက်ဖြစ်၏။ ဆေးကုမ္ပဏီ တော်တော်များများရဲ့ အရေးပေး အလေးထားခံရသူလဲဖြစ်သည်။
အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ အထီးကျန်ဆန်မှုတွေရှိတတ်ကြပါသည်။ ဒေါက်တာဖြိုးလှိုင်၏ဇနီးဟာ လွန်ခဲ့သော ၃နှစ်ခန့်ကတည်းကဆုံးသွားခဲ့တာဖြစ်ပါသည်။ အိမ်ထောင်သက်တမ်း ၂နှစ်အကြာမှာ အက်ဆီဒန့် တခုကြောင့် သေဆုံးသွားတာပဲဖြစ်သည်။ သူကိုယ်တိုင် ဆရာဝန်တယောက်ဖြစ်နေလျက် ဇနီးကို မကယ်နိုင်ခဲ့လို့ အမာရွတ်ကြီးစွာရရှိထားသူဖြစ်၏။
သေချင်လောက်အောင် ခံစားရတဲ့အဖြစ်ပျက်တွေကို အိပ်မက်ဆိုးများသဖွယ်မက်ခဲ့ဖူးသူဖြစ်သည်။ ဆရာဝန်တယောက်ဟာ လူပေါင်းများစွာ၏ အသက်များကို ကယ်တင်နေပေမယ့် မည်သူ့ကို အသက်ပိုရှည်စေ၊ မည်သူ့ကိုတော့ သေစေ စီမံနိုင်ခွင့်မရှိပါဘူး။ နာကျင်ခံစားမှုတွေကြောင့် သေချင်နေတဲ့ လူနာတစ်ဦးကို "သေပါစေ"ဆိုတဲ့ သေဆေး မရှိဘူးမဟုတ်လား။
ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ခံစားချက်တခုကြောင့် ဒေါက်တာဖြိုးလှိုင်ဟာ ဆေးဝါးစမ်းသပ်မှုတွေ အမျိုးမျိုးပြုလုပ်လျက်ရှိသည်။ "ကုသခြင်းနှင့် သေဆုံးခြင်း"မှာ တွေ့ရှိချက်များစွာရှိခဲ့ပေမယ့် လိုရာပန်းတိုင်ကို ဆက်လက်ရှာဖွေလျက်ရှိသည်။ သူ့ ၏ "Reality Goal"ကတော့ "ညင်သာစွာသေဆုံးခြင်း" ဖြစ်ပါသည်။
ဒီနေ့တော့ ဒေါက်တာဖြိုးလှိုင်၏ အိပ်မက်များ အကောင်အထည် ပေါ်လာပါပြီ။ "သေဆုံးခြင်း"ကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ချင်ကြသည့်လူတွေအား စမ်းသပ်အောင်မြင်မှုတခု ထုတ်ဖော် ကြေညာလိုက်သည်။
"ညင်သာစွာ သေဆုံးခြင်း"
နာမည်နဲ့ လိုက်ဖက်အောင် တခဏအတွင်းမှာ ကိစ္စသဘောနဲ့ အနိစ္စချောသွားစေမည့် ဆေးတမျိုးပါပဲ။ ရည်ရွယ်ချက်ကတော့ နာကျင်ခံစားမှု တစုံတရာကြောင့် အသက်မရှင်တော့တဲ့သူများကို နှစ်ကာလကြာရှည်စွာ မခံစားစေချင်၍ဖြစ်သည်။
"ဖြေဆေး"
ဒေါက်တာက "အမှားများစွာ ရှိနေတတ်တဲ့ လောကကြီးအတွက်" ချွင်းချက်အဖြစ် ဖြေဆေးဖော်ထားပါသေးသည်။ ထူးခြားတာကတော့ "သေဆေးထိုးပြီးလို့ ၃နာရီအတွင်း ဖြေဆေးပြန်မထိုးခဲ့လျှင်" ထာဝရ အိပ်စက်သွားမည်ပဲဖြစ်သည်။ ထိုကြောင့် မလိုအပ်ပဲ စမ်းသပ်ခြင်းများ အထူးတားမြစ်ထားသည်။
အခန်း(၂)
နန္ဒ၊ ရှိုင်း၊ ဖိုးပြည့်တို့ဟာ ငယ်ပေါင်း ကြီးဖော် အတူတကွ ဆိုးခဲ့ပေခဲ့ကြသည့် သွေးမတော်တဲ့ ညီကိုတွေဖြစ်သည်။ ငယ်ငယ်ကတည်းက တယောက်ရန်ဖြစ်လျှင် ကျန်နှစ်ယောက်ကပါ ဝိုင်းကူပီး ရန်ဖြစ်တတ်ကြသည်။ ဒါကြောင့်လည်း ငပွေးသုံးကောင်လို့ နာမည်ဆိုးနဲ့ ကျော်ကြားပြီး ကျောင်းမှာ သူတို့နဲ့ ဘသူမှမပေါင်းရဲကြ။
အရွယ်ရောက်လာတော့လည်း အလုပ်ဟူ၍ မည်မည်ရရမရှိ။ သုံးယောက်ပေါင်းလို့ ဘွဲ့တခု မရတဲ့သူတွေအဖို့ ဘယ်လိုသော လုပ်ငန်းရှင်က အလုပ်ခန့်ပါဦး မည်လဲ။ ဟိုအလုပ် ရနိုးနိုး ဒီအလုပ်ရနိုးနိုး လျောက်ရပေါင်းလဲများချေပြီ။ တခုမှ မရ။
နောက်ဆုံးတော့ အသက်မွေးပညာတခု ကောင်းကောင်း တတ်မြောက်ခဲ့ပြီ။ သုံးယောက်ပေါင်း လောင်းကျော် ဖောက်ထွင်းဝိဇ္ဇာတွေ ဖြစ်လာခဲ့သည်။ "1 of 3Ray"ဟာ မြို့ထဲမှာ တော်တော်ကို နာမည်ကြီးနေတော့သည်။
နန္ဒနဲ့ ရှိုင်းတို့က တကိုယ်တည်းသမားပီပီ လွပ်လွပ်လပ်လပ် ပေါ့ပေါ့ပါးပါးပဲ နေတတ်သည်။ ရသမျှ ပိုက်ဆံတွေအားလုံး ဝေတူဝေမျှခွဲပီတာနဲ့ ကလပ်တွေတက် ပျော်ကြပါးကြတော့တာပဲ။ ဖိုးပြည့်ကတော့ ရသမျှလေးတွေခွဲခွဲ စုထားတတ်၏။ မေဖြိုးဆိုတဲ့ ကောင်မလေးနဲ့ အတူနေရဖို့ပဲဖြစ်သည်။ မေဖြိုးမှာ မိဘတွေမရှိကြတော့ပါဘူး။ ငယ်ငယ်ကတည်း အဒေါ်နဲ့ပဲ အတူကြီးပြင်ခဲ့ရသည်။ ဘဝတူတွေဆိုတော့ တဦးပေါ်တဦး နားလည်မှုအပြည့်ရှိကြသည်။
"ဟျောင့် ငပြည့်...ဒါကဘယ်လဲ" "ငါ့ကောင်မလေးဆီသွားမလို့ပါကွာ...သူငါ့ကိုမျှော်နေလောက်ပီ" "အေးကွာ..ဂရုစိုက်ပီးသွားအုံး…ဒီရက်ပိုင်း ငါတို့ရပ်ကွက်မှာ ရဲတွေခြေရှုပ်နေတယ်…ဆွဲစိခံနေရအုံးမယ်" "အေး...အေးပါ သားရီးရာ" "ငါနဲ့ ရှိုင်းကတော့ ဒီညကလပ်သွားမလို့…" "အေးအေး… နောက်နေ့မှတွေ့ကြမယ်"
ဆက်လက်တင်ပြပေးပါဦးမည်… ဖတ်လို့အဆင်မပြေတာများ ရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါခင်မျာ။
အားလုံးသော ညီကိုမောင်နှမများ အောင်မြင်မှုကိုယ်စီရရှိကြပါစေ…
Author by Thant Zin Oo(magway) MSC-184 Embedded Image
·in#myanmar·by
24
Sort:
  • konyi profile picture
    ဆက်လက်လအားပေးနေပါတယ် bro
    $0.00
    • thantzinoo96 profile picture
      ဟုတ်ကဲ့ ကျေးဇူးပါ
      $0.00
    • khayae profile picture
      မဖတ်အားတော့လို့ ခွင့်လွှတ်ပေးကြပါဗျား vote ခဲ့ပါတယ်
      $0.00
      • thantzinoo96 profile picture
        တင် ပါ့ ဘုရား
        $0.00
      • kolinn profile picture
        ဖက်​လို့​ကောင်းပါတယ်​ အား​ပေး​နေပါ့မယ်​ ဆက်​ပြီးတင်​​ပေးပါဦးဗျာ
        $0.00
        • henryba profile picture
          ဇာတ်လမ်းကို ကျွန်နော် ဇာတ်ရေမလည်သေးဘူး 😁
          နောက်တစ်ပတ်စောင့်ဖတ်မယ်ဗျာ......
          $0.00
          • thantzinoo96 profile picture
            ဟုတ်တယ် အပိုင်းခွဲလိုက်လို့နေမှာ ကျေးဇူးပါ
            $0.00
          • sawlwin profile picture
            ကလပ်သွားတာပြီးမှ နောက်တစ်ပိုင်းခွဲတာ ကောင်းမလားလို့ဗျာ
            $0.00
            • komoezaw profile picture
              အပိုင်း နှစ်ခု မချိတ်မိသေးဘူးပေါ့ အားပေးနေပါ့မယ်ဗျာ
              $0.00
              • nandasai profile picture
                $0.00
                • thantzinoo96 profile picture
                  thanks you bro
                  $0.00
                • tharpauk profile picture
                  ကလပ်သွားပြိး သုံယောက်ပေါင်းလောင်ကျော်လုပ်မလို့လား hee hee
                  $0.00
                  • thantzinoo96 profile picture
                    hee ဟုတ် ဘူး bro
                    $0.00
                  • thatkozaw profile picture
                    နားကိုမလည်ဘူး မစရသေးဘူး post က ပီးသွားပီ နောက်တပုဒ် ကြိုးစားရေးပါ ment တွေ reply မပြန်သလို နေ့လည်က တခါပဲ ၀င်ကြည့်သွားတယ်
                    $0.00
                    • htinyarsai profile picture
                      ကလပ်က အကြောင်းဆို မျှော်နေမယ်
                      $0.00
                      • thantzinoo96 profile picture
                        ဟုတ် bro
                        $0.00
                      • soethakhin profile picture
                        စာရေးသူနဲ့အတူတု ကလပ်သွားချင်တယ်ဗျာ
                        $0.00
                        • thantzinoo96 profile picture
                          Lets do it😃
                          $0.00
                        • pyaesone101 profile picture
                          ဆန့်တငင်ငင်နဲ့ကွာ
                          $0.00
                          • thantzinoo96 profile picture
                            ဆက်လက် တင်ပါဦးမည် bro
                            $0.00
                          • thantzinwin profile picture
                            ကလပ်​ဆိုတာကြိးကို​ရောက်​ဖူးချင်​တာ😞
                            $0.00
                            • caesarsupaimin profile picture
                              ကလပ်သွားချင်တယ် လိုက်ပို့ပါ.....
                              $0.00
                              • thantzinoo96 profile picture
                                ဟုတ် ဟုတ် bro
                                $0.00
                                • caesarsupaimin profile picture
                                  တကယ်ပို့ရမှာနော် မပို့ရင်ငိုမှာ
                                  $0.00