Skip to content
Lumen
အောင်မြင်မှု အနာဂတ်ဆီသို့
in#myanmar
image ယနေ့မနက် ကျနော့်ဆီသို့ စာတစောင်ရောက်ရှိလာပါတယ်။ "ပညာရေးထောက်ပံ့မှု စေတနာရှင်များအဖွဲ့မှ ဦးစီးကျင်းပမည်ဖြစ်သော စုံညီပွဲတော်သို့ (19.1.2018)ရက်နေ့တွင်တက်ရောက်ပေးပါရန် မေတ္တာရပ်ခံပါသည်။"
19.1.2018ရက်နေ့ မနက် ၁၀နာရီ ၃၀မိနစ်
"ကျေးဇူးပြု၍ နားဆင်ပါရှင်... အခန်းအနားစတင်တော့မှာဖြစ်ပါသဖြင့် ကျောင်းအုပ်ဆရာကြီး၊ ရပ်ရွာအုပ်ချုပ်ရေးမှူးနှင့် လူကြီးမင်းများ ၊ဆရာ ဆရာမများ၊ ကျောင်သားကျောင်းသူများ၊ ကျောင်းသားမိဘများအားလုံး ကျေးဇူးပြူပြီးနေရာယူပေးကြပါရန် ပန်ကြားအပ်ပါတယ်ရှင်..." (အားလုံးပဲ နေရာယူပြီး ကြပါပြီ) ပထမဦးစွာ အားလုံး မတ်တတ်ရပ်ကြ၍ နိုင်ငံတော်သီချင်းကို ညီညာစွာ သီဆို အလေးပြု ကြသည်။ ထိုနောက် ကျောင်းအုပ်ဆရာကြီးမှ မိန့်ခွန်းပြောကြားပါသည်။ အုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားပါသည်။ ထိုနောက် ဆုချီးမြှင့်ခြင်းအခန်းနားစတင်ပါတော့သည်။ ထိုနောက် ကပြဖျော်ဖြေခြင်း၊ သရုပ်ဖော်ခြင်းများကို ညီငယ်ညီမငယ်လေးများမှ ဖျော်ဖြေတင်ဆက်ပါသည်။ (စာရှည်မည်စိုးသဖြင့် အတိုချုံ့ရေးလိုက်ရပါသည် ခင်မျာ) အဲ့ဒီနောက်မှာတော့ ဘွဲ့ရမောင်မယ်များမှ ကျောင်းသားကျောင်းသူများအား အမှာစကားပြောကြားရပါသည်။
လာမည့် မတ်လဆိုလျှင် တက္ကသိုလ်ဝင်စာမေးပွဲကြီး ဖြေဆိုရတော့မှာဖြစ်ပါတယ်။ ဖြေဆိုမည့် ညီငယ်ညီမငယ်များတွက် အချိန် တစ်လကျော်မျှသာကျန်ပါတော့သည်။ "အချိန်နှင့် ဒီရေသည် လူကိုမစောင့်" ဆိုသလို ကျန်ရှိသည့်အချိန်လေးမှာ အာရုံသေချာစိုက်ပီး လေ့လာကျက်မှတ်ဖို့လိုပါတယ်။
ညီငယ်ညီမငယ်များ ရည်မှန်းချက်၊ရည်ရွယ်ချက်ထားရှိပါ။မှားယွင်းတဲ့မျှော်လင့်ချက်မျိုးတွေ မထားရှိပါနှင့်။ တခါတရံ မျှော်လင့်ချက်တွေဖြစ်မလာခဲ့သည့်အခါ ကျောငးသားတော်တော်များများက စိတ်ဓာတ်ကျကာ ဘဝရည်မှန်းချက် ပန်းတိုင်ပျောက်သွားတတ်ပါတယ်။ မိမိဖြစ်ချင်တာကို မိမိကိုယ်တိုင် ကြိုးစားပါမှ အောင်မြင်မှု ရရှိမှာပါ။
ကြိုးစားကြပါ အခုခေတ်က ပညာတတ်ခေတ် ပညာမတတ်ရင် ဘယ်နေရာရောက်ရောက် မျက်နှာငယ်ရ အောက်ကျို့ရနဲ့ အဆင်မပြေမှုများစွာနဲ့ ကြုံတွေ့ရမှာဖြစ်တယ်။ ညီ/မ ငယ်တို့ ခုနေ အအိပ်မက်၊ အစားမက်၊ ပျော်စရာတွေ မက်မောကြပါလိမ့်မယ်။ အဲ့ဒါတွေကို ခဏမေ့ထားပီးကျန်ရှိသည့် အချိန်(၁)လမှာ ကိုယ့်ကိုယ်ကို ဖိအားလေးပေးပြီး သေချာလေ့လာကျက်မှတ်ကြမယ်ဆိုလျှင် အကျိုးရလဒ်တွေ အများကြီးပါ။ ဆယ်တန်းအောင်ပြီးလို့ တက္ကသိုလ် အသီးသီးကိုရောက်သွားပြီဆိုတာနဲ့ မိမိကိုယ်တိုင် ပိုက်ဆံကိုင်သုံးရမယ်၊ အတွေ့ကြုံသစ်တွေအများကြီးရလာမယ်၊ ပျော်ရွှင်စရာတွေအများကြီးရလာမှာ ဖြစ်တယ်။
အဲ့ဒီလို ဖြစ်ဖို့ ရည်ရွယ်ချက်ရှိဖို့တော့လိုတယ်။ "ငါ ဘာဖြစ်ချင်တယ်၊ ဖြစ်အောင်လုပ်မယ်" ဆိုတဲ့ ရည်ရွယ်ချက်လေး ရှိဖို့တော့လိုပါတယ်။ တကယ်ဖြစ်အောင်လုပ် တကယ်ဖြစ်ပါတယ်။ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိပါဘူး မဖြစ်သေးတာပဲရှိတယ်။ တောမှာပဲ တောလုပ်တောကိုင်လုပ်ဖို့ မစဉ်းစားပါနဲ့။ အားလုံးသိကြမှာပါ ရာသီဥတုတွေက လုံးဝမကောင်း၊ သီးနှံဈေးကပျက်နဲ့ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် ပညာတတ်ဖြစ်အောင်ကြိုးစားလေ့လာသင်ယူကြဖို့ တိုက်တွန်းချင်ပါတယ်။
၆၊၇၊၈၊၉ တန်းကျောင်းသားများကလည်း အခုကတည်းက အခြေခံပါအောင်သင်ယူကြပါ ။ အဲ့ဒါနဲ့ပတ်သက်လို့ အတွေ့ကြုံလေးတခု ပြောပြချင်ပါတယ်။ ကျနော်တို့တုန်းက အထက်တန်းမပွင့်သေးတော့ မြို့မှာသွားနေရပါတယ်။ ဆယ်တန်းဆိုတော့ အများနည်းတူ ဘော်ဒါမှာနေရသည်။ ကျောင်းသားတွေကအများကြီးပါ ရွာပေါင်းစုံကပဲ။ အဲ့ဒီမှာကျောင်းသားတော်တော်များများက Grammar မှာ အားနည်းကြတယ် Grammar သင်ပီဆို အိပဲ့အိပဲ့နဲ့။ ဆရာက Grammarတွက် Noteပေးပီဆိုရင်လဲ အာပူတိုက် ကျက်ကြတဲ့သူတွေလဲရှိတယ်။ တချို့ ဆိုရင် အလွယ်ဆုံး "When<> by the time" Patternကိုတောင် မသိကြပါဘူး။ ဒါက အခြေခံအဆင့်မှာ နေရာဒေသအရ သင်ယူခွင့်မရခဲ့တာ ဖြစ်နိုင်သလို၊ အာရုံ မစိုက်မိခဲ့လို့လည်းဖြစ်နိုင်ပါတယ်။ ကျနော်အပါဝင်ကျောင်းသားအနည်းစုကတော့ အခက်ခဲ မရှိ Grammarလိုက်နိုင်ပါတယ်။ ဒါဟာ ၇၊၈၊၉ မခြေခံအဆင့်တုန်းက ဆရာ ဆရာမများရဲ့ကျေးဇူးကြောင့်ပါ။
ဆိုလိုချင်တာက ညီငယ်ညီမငယ်များ ခုနေ ဆရာဆရာမများ သင်ကြားပေးတာကို အာရုံစိုက်ပီး လေ့လာသင်ယူမှုမရှိဘူးဆိုရင် ၉တန်း ၁၀တန်းမှာ အထူးသဖြင့် ၁၀တန်းမှာ အခက်ခဲတွေကြုံတွေ့ရနိုင်ပါတယ်။ ကြိုးစားကြပါ လေ့လာသင်ယူကြပါ အခုတည်းက ကိုယ်ဘာဖြစ်ချင်သလဲဆိုတာ ဆန်းစစ်ပါ။ ဘဝ ရည်မှန်းချက် အိပ်မက်ကိုဆောက်တည်ပါ။ မိမိဖြစ်ချင်တဲ့ရည်ရွယ်ချက်ကို ခေါင်းထဲမှာ အမြဲ တွေးပါ။ အကောင်ထည်ပေါ်အောင် ကြိုးစားကြပါ..... ညီငယ် ညီမငယ်များအားလုံး အောင်မြင်မှုများစွာနှင့် ကြုံတွေ့ရပြီး ဆယ်တန်းစာမေးပွဲကို ဂုဏ်ထူးများနှင့် အောင်မြင်နိုင်ကြပါစေ.... သို့ဖြင့် နိဂုံးချုပ်လိုက်ရပါတယ်။
အားလုံးပဲကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်မျာ.....
Author by Thant Zin Oo(magway) MSC-184 image
·in#myanmar·by
46
Sort:
  • boomerang profile picture
    This post has received a 1.51 % upvote from @boomerang thanks to: @thantzinoo96
    $0.00
    • konyi profile picture
      တခြားဘာသာတွေကိုတော့သိပ်မသိဘူး ကျနော်အထင်တော့ E ဘာသာကို သင်ရိုးညွန်တန်းပြောင်းပေးသင့်တယ်ထင်ပါတယ်
      $0.00
      • thantzinoo96 profile picture
        အလယ်တန်းဆင့်ကတည်းက Grammarအခြေခံလေးတွေ သင်ပေးရင် ပိုကောင်းမှာပေါ့ဗျာ ကျေးဇူးပါ ကိုညီ
        $0.00
      • khayae profile picture
        ဟုတ်တယ်ဗျ တချို့ ဆို Grammar ပိုင်းကို သိပ်မပိုင်တာ တွေ့ရတယ် ညီငယ် ညီမငယ်လေးများကို လေ့လာစေချင်ပါတယ်
        $0.00
        • thantzinoo96 profile picture
          ဒါပေါ့ဗျာ မိမိအနာဂတ် လှပဖို့ မိမိကိုယ်တိုင် ဖန်တီးဟူရမှာပေါ့ဗျာ ကျေးဇူးပါနော် bro
          $0.00
        • kolinn profile picture
          အရမ်းကောင်းတဲ့ဆောင်းပါးပါbro
          $0.00
          • thantzinoo96 profile picture
            ဟုတ်ကဲ့ပါ Thanks you
            $0.00
          • domelay profile picture
            ဟုတ် ကြိုးစားပါ့မယ်
            $0.00
            • thantzinoo96 profile picture
              ကွီးချစ် မနောက်နဲ့လေလို့
              $0.00
            • henryba profile picture
              ဆယ်တန်းတုန်းက ကန့် ထဲမှာ စာကျက်ရတာလေးတွေ ပြန်သတိရမိတယ် ။
              Good Bro ရေ။ အားပေးနေမယ် ။
              $0.00
              • thantzinoo96 profile picture
                ဟုတ် ကျေးဇူးပါနော် Bro
                $0.00
              • sawlwin profile picture
                ဆယ်တန်းမှာ မြန်မာစာတောင် မှန်အောင် မရေးတတ်တာတွေ အများကြီးတွေ့ဖူးပါတယ် အခြေခံကို အဓိကထားသင်ပေးဖို့ အရမ်းအရေးကြီးပါတယ်
                $0.00
                • thantzinoo96 profile picture
                  ဟုတ်တယ် အစ်ကိုစောရေ ကျနော့်ညီတယောက် ဋဋ္ဌဍ တောင် မရေးတတ်လို့ စိတ်ရှိရှိ နဲ့ ကောက်ရိုက်ပစ်မိသွားတယ်ဗျာ ပညာရးစနစ်ကိုပဲဝေဖန်ရမလိုလို ကလေးတွေရဲ့ မှားယွင်းတဲ့ အတုခိုးမှုကိုပဲ
                  ပစ်တင်ရမလိုလို ဖြစ်နေပီ
                  $0.00
                • arkarsoe profile picture
                  ကျွန်​​တော်​က ဆယ်​တန်းထိမ​ရောက်​ဖူး​တော့သိဘူးဗျ ဒါ​ပေသိ ​ဆောင်းပါး​လေးဖတ်​ရ​တော့ အာကျမိတယ်​ဗျာ
                  $0.00
                  • thantzinoo96 profile picture
                    😞 ဟုတ်​ကဲ့​ကျေးဇူးပါအစ်​ကို​ရေ
                    $0.00
                  • komoezaw profile picture
                    လိုက်နာဆောင်ရွက် ကိုယ့်အတွက်ပေါ့ ကောင်းပါတယ်ဗျာ ထူးထူးချွန်ချွန်ဖြစ်နိုင်ဖို့ အခြေခံဆိုတာတွေအရမ်းလိုမှန်း ကျွန်တော်က နောက်ကျမှသိခဲ့ရတာပါ ခုချိန်မှာ ဒုက္ခရောက်နေတာတွေကလည်း အခြေခံမပိုင်ခဲ့လို့ ပါပဲ အချိန်ကလူကိုမစောင့်ဘူးလေ
                    $0.00
                    • thantzinoo96 profile picture
                      ကိုယ်တိုင်ကြုံတွေ့ရ မှသိရတာပါ ကျနော်ငယ်ငယ်တုန်းကလဲ လူကြီးမိဘတွေက သင်ရင် ဂျစ်ကန်ကန်နဲ့ အရွယ်ရောက်လာမှ ကိုယ့်အတွက် သွန်သင်ဆုံးမခဲ့တယ်ဆိုတာ သိရတာပါ
                      $0.00
                    • naythuya profile picture
                      Bro အား​ပေး​နေပါတယ်​ fight fight
                      $0.00
                      • thantzinoo96 profile picture
                        $0.00
                      • tharpauk profile picture
                        အားပေးစကားလေးတွေပေါ့
                        $0.00
                        • thantzinoo96 profile picture
                          ဟုတ်bro😁😁 ကျေးဇူးပါ ခင်မျ
                          $0.00
                        • nyinyiwin profile picture
                          အခြေခံပညာရေး ကောင်းမှ တိုင်းပြည် တိုးတက်လာမှာ အမှန်ပါ။ ယနေ့ခေတ်ပညာရေး ရင်လေးစရာပါ။
                          $0.00
                          • thantzinoo96 profile picture
                            ဒါ​ပေါ့ဆရာ​ရေ တိုင်းပြည်​တိုးတက်​မှ ​​ကျေးရွာများပါမကျန်​ ဖွံ့ဖြိုးတိုးတက်​လာမှာဖြစိပါတယ်​ ဒါကလဲ အနာဂတ်​မှာ လူကြီး​တွေဖြစ်​လာမယ့်​ ယ​နေ့လူငယ်​များ​ပေါ် မူတည်​​နေပါတယ်
                            $0.00
                          • rocketgyi profile picture
                            ဆယ်တန်း နောင်တဆိုတာနောင်မှရတတ်တဲ့အမျိုးပါ...အခုနေကတော့ ပေါ့ပေါ့ဘဲ့ တကယ်တမ်း အမှတ်စာရင်းတွေထွက်လာရင် လိုချင်တဲ့လိုင်းကမရ အမှတ်မီတဲ့မေဂျာလေးတက်နဲ့ တော်တော်နောင်တရ့ကောင်းပါတယ်...ကိုယ်တိုင်လည်ြးုကုံဖူးတယ်😢😢😢 နောက်လူငယ်တွေလည်း အပိုပြောနေတယ့်မသတ်မှတ်ဘဲ လိုက်နာရင် မိမိဘဲ့ အကျိုးခံစား ရမှာပါလို့ပြောချင်ပါတယ်...
                            $0.00
                            • thantzinoo96 profile picture
                              ဟုတ်တယ်ဗျာ တခါသေဖူး ပျဉ်ဖိုးနားလည် ကြုံဖူးမှသိမှာပါ...
                              $0.00
                            • saipanpha profile picture
                              ခုထိလေ့လာနေတုန်းပါ ဘဒို
                              $0.00
                              • thantzinoo96 profile picture
                                ဟုတ်​ကဲ့ပါ ဘဒို
                                $0.00
                              • minthwayko profile picture
                                အရမ်းကောင်းပါတယ်အစ်ကို
                                $0.00
                                • thantzinoo96 profile picture
                                  ကျေးဇူးပါညီ
                                  $0.00
                                • soethakhin profile picture
                                  အစ်ကိုရဲ့အားပေးမှုနဲ့အတူ အနာဂတ်ရဲ့ခေါင်းဆောင်ကောင်းလေးတွေကိုကြိုဆိုနေပါတယ်ဗျာ
                                  $0.00
                                  • thantzinoo96 profile picture
                                    ဟုတ်​ကဲ့ပါလို့ Thanks u ​နော်​bro
                                    $0.00
                                  • aungzawhtwe profile picture
                                    ကောင်းမွန်တဲ့ အမှာစကားတွေပါဗျာ။
                                    $0.00
                                    • thantzinoo96 profile picture
                                      ဟုတ် ကိုထွေး ကျေးဇူးခင်မျ
                                      $0.00
                                    • thantzinwin profile picture
                                      ကျွန်​​တော်​အပါအဝင်​​ကျောင်းသားအများစုက grammar အားနည်းကျတယ်​😁😁
                                      $0.00
                                      • thantzinoo96 profile picture
                                        😁😁 အားဆေးသောက်ပါ ညီလေး
                                        $0.00
                                      • zzawzawhtwe profile picture
                                        မှန်တယ်ဗျာ အခုခေတ်လူငယ်တွေအတွတ် အားပေးမှုကို ရေသားပေါ်လွင်စေပါတယ်
                                        $0.00
                                        • thantzinoo96 profile picture
                                          ဟုတ်ကဲ့ ကျေးဇူးပါနော် အစ်ကို
                                          $0.00
                                        • aunghtetkyaw profile picture
                                          တစ်ဦးတစ်ယောက်ချင်းစီမှစ၍
                                          $0.00
                                          • thantzinoo96 profile picture
                                            အမှန်ပေါ့ဗျာ
                                            Thanks you ညီလေး
                                            $0.00
                                          • aungtharkyaw profile picture
                                            ကလေးတွေက(၉)တန်းအထိမျက်စိလည်လမ်းမှား ရောက်လာတဲ့ပညာရေးစနစ်ကြီးပါ ကျွန်တော်လည်းကျောင်းဆရာအလုပ်ကို ဝါသနာမပါပေမဲ့ကလေးတွေကိုသနားရင်း သင်ပေးတာကျောင်းဆရာတစ်ပိုင်းကိုဖြစ်နေပါပြီ
                                            $0.00
                                            • thantzinoo96 profile picture
                                              ကလေးများရဲ့အနာဂတ် ပဲ့ကိုင်ရှင်အနေနဲ့ လမ်းမှားမရောက်အောင် တိုးတက်အောင်မြင်အောင် သွန်သင်ဆုံးမပေးပါ ညီလေးရေ
                                              $0.00
                                            • jerrybanfield profile picture
                                              Thank you @thantzinoo96 for making a transfer to me for an upvote of 0.49% on this post! Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem! The other half helps holders of Steem power earn about 60% APR on a delegation to me! For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily? To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?
                                              $0.00
                                              • caesarsupaimin profile picture
                                                ဒီအချိန် ဘဝတစ်ဆစ်ချိုးက သွန်သွင်ရန်အကောင်းဆုံးအချိန် လိုက်နာကျင့်သုံးဖို့အကောင်းဆုံးအချိန်ဖြစ်ပါသည်။
                                                $0.00
                                                • thantzinoo96 profile picture
                                                  ဒါပေါ့ဗျာ အောင်မြင်မှုဘဝတဆစ်ချိုးဆိုလဲ မှားပါဘူး
                                                  $0.00
                                                • billionairehein profile picture
                                                  ပညာရေးဖြင့် ခေတ်မီဖွံဖြိုးတိုးတတ်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့
                                                  $0.00
                                                  • thantzinoo96 profile picture
                                                    ဆောင်ပုဒ် ကောင်းလေးပါ Bro
                                                    $0.00