Skip to content

အမေ့စကားသံ …… ၃

in#myanmar

အခြေခံလူတန်းစားဖြစ်ရသော ကိုယ့်ဘဝကား မလွယ်ပါ ။ ရာသီဥတုပူလွန်းတော့ ပညာရှင်များရဲ့ပြောစကားအရ အယ်နီညို ကြောက်ရတော့ မိုးရွာပါစေဆုတောင်းမိပါတယ် ။ ရွာမယ့်ရွာတော့လဲ ကိုယ်နေတဲ့ရပ်ကွက်က ရေဝင်ပြန်တယ် ။

မန်းလေးမှာ ရေဝင်ပြီဟေ့ဆို ကျနော်တို့ ရပ်ကွက်က အရင်ဆုံးလိုဖြစ်နေတယ် ။ ၂ရက်ရွာထားတဲ့မိုးက အခုတော့ ကိုယ့်ကိုဒုက္ခလှလှပေးပြီပေါ့ဗျာ ။

အလုပ်သွား အလုပ်ပြန် ဆိုင်ကယ်ကို ကိုယ့်ကစီးလိုက် ဆိုင်ကယ်က ကိုယ့်ပြန်စီးလိုက်နဲ့ ဟန်ကျနေတာပေါ့ ။ ပထမရက်ကဆို ထမင်းချိုင့်ထဲရေဝင်နေတာ သတိမထားမိဘူး ။ နေ့ခင်းထမင်းစားမယ်ဆိုပြီးဖွင့်လိုက်မှ ရေဖျော်ထမင်းဖြစ်နေတယ် ။

တညည်းညည်းလုပ်လိုက်တိုင်းက အမေကလည်း အားပေးတတ်ပါတယ် ။ " ဘဝဆိုတာ တိုက်ပွဲ " တဲ့ ဖြစ်သမျှကို အကောင်းဆုံးဖြစ်အောင်ကြိုးစားကျင့်ကြံပြီး အလိုက်တသင့်နေလိုက်ရင် အဆင်ပြေသွားတာပါလို့ ပြောပြီး အားပေးရှာတယ် ။

ဒီမနက်မိုးက ၃ရက်မြောက်ရွာတော့ အမေရယ် ဒီနေ့တော့ အလုပ်တရက်နားပြီး သူများတွေလို မိုးအေးအေးမှာ အိပ်ယာထဲကွေးပြီး facebook မှာ သူများတွေလိုတင်အုံးမယ် ပြောလိုက်မိတာ " သူများတွေကသူများ သားကသား ။ အလုပ်သွားရင်း ကွေးနေတယ်တင်လိုက် သားကိုသူတို့ လာကြည့်တာမှမဟုတ်တာ " တဲ့ အဲ့လိုအားပေးတဲ့အမေပါ ။

ဒီလိုနဲ့ ကိုယ်လုပ်မှကိုယ်စားရတဲ့ ကိုယ့်ဘဝကိုတွေးပြီး ကိုယ့်အလုပ်ဆီ ဆိုင်ကယ်တွန်းပြီးထွက်လာခဲ့တော့ပေါ့ ။ မနက်ဖြန်ညနေထိ မိုးရွာပါစေဆုတောင်းမိတယ် ။ ရွာလို့ ကတော့ ထုတ်လာတဲ့လခနဲ့ ဘဝတူအဖော်တသိုက်စုပြီး Beer ဆိုင်လေးတော့ ထိုင်လိုက်အုံးမှ တွေးထားမိလို့ ပါဗျာ ။

MSC ညီအကိုမောင်နှမများ မင်္ဂလာပါဗျာ ။ စတီးမစ်မှာ တိုးတက်အောင်မြင်ကြပါစေလို့  ဆုတောင်းလိုက်ပါတယ် ။

350235_S.jpg

crd org source

@minmanthawe

MSC 257

·in#myanmar·by
24
Sort:
  • zarmanizawlinn profile picture

    မိုးအေးအေးနဲ့beerဆိုင်ထိုင်တော့ရှူးပေါက်လို့ကောင်းတာပေါ့။ဟိဟိ။ရေဖျော်ထမင်းလေးကလဲကောင်းတယ်လေဗျာ။ရင်ထဲအေးတာပေါ့။

    • minmanthawe profile picture

      good နေရောပေါ့နော့

      $0.00
    • aunggyi100 profile picture

      Beer ​ဆိုင်​​လေးထိုင်​ရင်​ ​ခေါ်ပါဦးလို့😂

      $0.00
      • minmanthawe profile picture

        အဟေး လခထုတ်ချိန်လေဗျာ

        $0.00
      • smileking profile picture

        မိုးအေးအေးလေးနဲ့ကွေးနေပြီ

        $0.00
        • minmanthawe profile picture

          ဟုတ်တယ်

          $0.00
        • htwegyi profile picture

          မိုးရွာတာရယ် လခထုတ်ရင် ဘီယာဆိုင်ထိုင်မယ်ရယ် ကဲဘာလိုသေးလဲ

          $0.00
          • minmanthawe profile picture

            good တယ် မလိုဘူးဗျ

            $0.00
          • zawhtat profile picture

            မိုး​အေး​အေး​လေးနဲ့ဆိုင်​မှငြိမ့်​​တော့မယ်​​ပေါ့

            $0.00
            • minmanthawe profile picture

              အကြွေးဆပ်ရကောင်းမလား စဉ်းစားနေတာပါဗျာ

              $0.00
            • suhlaing profile picture

              ကလေးတွေဆို ထမင်းနဲ့ရေ ဖျော်တောင်စားရသေးတာ ရင်အေးတယ်လေ

              $0.00
              • minmanthawe profile picture

                ရင်ပူတယ်အခုတော့ ရေတွေကနီလို့ ပါဗျာ

                $0.00
              • htetwaihin profile picture

                ဆုတောင်းပြည့်သွားပီ။မိုးရွာရုံတင်မကဘူး မုန်တိုင်းပါတိုက်မယ်တဲ့.. :P

                $0.00
                • minmanthawe profile picture

                  ဟုတ်တယ်ဗျ

                  $0.00
                • kyawthuhein profile picture

                  မိုးအေးအေးမှာဘီယာလေးနဲ့ဆိုတော့

                  $0.00
                  • minmanthawe profile picture

                    လန်းပီပေါ့

                    $0.00
                  • kyawthuyein profile picture

                    လခ လေးထုတ်တော့ငွေရွှင်ပီပေါ့

                    $0.00
                    • minmanthawe profile picture

                      ရွှင်ရွှင်

                      $0.00
                    • masterinnwa profile picture

                      Cheer

                      $0.00
                      • minmanthawe profile picture

                        ချီးယားအူးအင်းဗျ

                        $0.00
                      • linnhyotaryar profile picture

                        မိုးအေးတယ် မုန့်တိုင်းရှိ

                        $0.00
                        • minmanthawe profile picture

                          ဟုတ်ခင်ဗျ

                          $0.00
                        • myanmarpyithar profile picture

                          ရာသီဥတုက​တော့ ကိုယ့်​ဘက်​ပါ​နေပြီ​လေ ..ဒီအခွင့်​အ​ရေးကိုသာ ပိုင်​ပိုင်​နိုင်​နိုင်​ အသုံးချနိုင်​ရင်​​တော့ .. ဟီး ..

                          $0.00
                          • minmanthawe profile picture

                            ဒါပေါ့ဘရားသားရာ

                            $0.00