Skip to content

ကျောင်း

in#myanmar

ကျောင်းဆိုသည်မှာ မည်သည့်ခေတ်အခါက ပေါ်ထွန်းခဲ့ပါသနည်း ။ နိုင်ငံ အရပ်ရပ်တွင် ဖြစ်ပေါ် ခဲ့သည်မှာတော့ တစ်ခုနှင့် တစ်ခု မတူညီနိုင် ဟု ထင်မိပါသည် ။ ယခု ရေးသားမည်မှာ ကျွှန်တော် တစ်ဦးတည်း၏ အမြင်ဖြင့် ရေးသားသည် ဖြစ်ပါသဖြင့် မှန်ချင်မှ လဲ မှန်ပါလိမ့်မည် ။ ထင်သည်ကိုသာ ရေးသားခြင်း ဖြစ်ကြောင်း ကြိုတင် ပြောပါရစေ ။ ကျောင်းဆိုသည်မှာ ပညာရပ်များကို သင်ကြားပြသ ပေးရာ နေရာ ဖြစ်ပါသည် ။

school.jpg Image source

မြန်မာနိုင်ငံရှိ စာသင် ကျောင်းများတွင် စိတ်ဓါတ် ၊ စည်းကမ်း ၊ ပညာ ဟူသော အရာကို တွေ့မြင်နိုင်ပါသည် ။ ထိုသုံးမျိုးလုံးအား စနစ်တကျ သင်ကြားပေးမည် ဟူသော ရည်ရွှယ်ချက်လည်း ဖြစ်ပါသည် ။

ကျောင်းဟူသည်မှာ ရှေးယခင်က ဘုန်းကြီးကျောင်းများသာ ရှိခဲ့ပြီး ထိုဘုန်းကြီးကျောင်းများတွင် စာပေပညာ အစရှိသည်တို့ကို လေ့လာ သင်ယူကြရပါသည် ။ ထိုဘုန်းကြီးကျောင်းများကို ကျောင်းဟု သုံးပြီး ကျောင်းများတွင် ပညာသင်သော သူများကို ကျောင်း၏ သားတော်များ အဖြစ် ကျေင်းသားဟူ၍ ခေါ်ကြပါသည် ။ ရှေးအခါက ဗုဒ္ဓဘာသာဝင်တို့သည် ငယ်ရွှယ်စဉ်က ဘုန်းကြီးကျောင်း ရဟန်း သံဃာတို့ဖြင့် မစိမ်းခဲ့သဖြင့် ကျောင်းဝေယျာဝစ္စ သာသနာရေး ဘာသာရေးများ အစရှိသည်တို့ကို နားလည်ကာ ဘာသာကိုချစ်မြတ်နိုးခဲ့ကြသည် ။

IMG_20180322_120755[1].jpg

နောင် အင်္ဂလိပ်တို့ လက်အောက်ရောက်ပြီးချိန်တွင် အင်္ဂလိပ်ကျောင်းများ ပေါ်ထွန်းလာသည် ။ ထို့နောက်တွင် အမျိုးသားကျောင်းများ ထိုသို့ဖြင့် ယနေ့ခေတ် စာသင်ကျောင်းများ အဖြစ်ဖြင့် မြင်တွေ့ရသော ကျောင်းများအဖြစ်ရောက်ရှိလာပါသည် ။ ထိုသို့ စာသင်ကျောင်းများ သီးသန့် ဖြစ်လာပြီး ယနေ့ခေတ်တွင်တော့ ဗုဒ္ဓဘာသာတို့ ဘုန်းကြီးကျောင်းများဖြင့် အနေဝေးလာ သကဲ့သို့ မြင်မိပါသည် ။ ထို့ပြင် သာသနာ အကြောင်း ထဲထဲဝင်ဝင် မသိသူများ များပြားလာပါသည် ။ ဘာသာရေးအား လေ့လာလိုက်စားမှု မရှိသူ တို့မှာ ဘုရားကို ဘာလို့ ရှိခိုးတယ် ဆိုတာတောင် မသိဘဲ ရှိကြပါသည် ။ သူတို့ကိုယ်တိုင် မသိသောအခါမှာ သူတို့သားသမီးများကို ဘယ်ပြောပြ သင်ပြနိုင်တော့မှာလဲ ။

ယနေ့ခေတ်အခါတွင် အချို့မှာ ဘုရား ၊ ဘုန်းကြီးကျောင်း အစရှိသည်တို့ကို တစ်နှစ်တွင် သုံးလေးကြိမ်ခန့်သာ ရောက်ဖြစ်ကြတော့ပါသည် ။ သီတင်းကျွတ်ချိန်ခါ သင်္ကြန်ချိန်ခါလောက်သာ ရောက်ဖြစ်သူများ များလာပါသည် ။ အချို့ဆိုလျှင် ထိုအခါမျိုးတွင်ပင် ကျောင်းသို့ မရောက်ဖြစ်ကြပေ ။ ထို့ပြင် ဘာသာရေးနှင့်ပတ်သက်သော အရာများအား မသိမလေ့လာသူများ များလာသကဲ့သို့ ထင်မိပါသည် ။ အချို့ကလည်း အပေါ်ယံသိသကဲ့သို့ အချို့ကလည်း ဘာမှမသိကြ ။ ငယ်ငယ်က အဖိုးအဖွားများပြောပြဖူးသော ဗုဒ္ဓဝင်များကိုပင် သာမာန် ပုံပြင်များ အထင်ရှိနေသည်လား မသိပါ ။ ထိုသို့သောသူများတွင် ဘာသာရေးအား အလေးမထားသူများ နှင့် အလွယ်တကူ ဘာသာအား စွန့်လွတ်နိုင်သူများလဲ များစွာ ရှိလာပါသည် ။

မိမိသည် ဆရာတော်များ ရဟန်း သံဃာများ အား လျှောက်တင်စရာ ကြုံလာပါက မည်သို့ လျှောက်မည် ၊ ဘယ်လိုပင့်ရမည် ။ ကပ်ပါက မည်သို့ဆက်ကပ်လှူဒါန်းရမည် အစရှိသဖြင့် ကောင်းစွာသိထားဖို့လိုအပ်ပါသည် ။ ထို့ပြင် ဘာသာရေးနှင့် ဆက်စပ်သည်များကို တတ်အားသရွှေ့ သိရှိစေရန် ကြိုးစားသင့်ပေသည် ။ ထို့ကြောင့်လဲ ကျောင်းနှင့် နီးစပ်စေရန် စာသင်ကျောင်းပိတ်ချိန် အချိန်ခဏကလေးတွင် ယဉ်ကျေးမှု သင်တန်းများ ဓမ္မစကူးများ အစရှိသဖြင့် တတ်နိုင်သလောက် ဆောင်ရွှက်လာကြသည် ။ ထိုကဲ့သို့ ဘုန်းကြီးကျောင်းများတွင် တရားစာပေများ သင်ကြားခြင်းမှာ ရှေးအခါမှပင် ရှိခဲ့ပါသည် ။ ယခုအခါတွင်တော့ ကလေးများအတွက် အချိန်ပေးနိုင်သည့် ကျောင်းပိတ်ချိန် ရက်အနည်းငယ်လေးတွင် ဘုန်းကြီးကျောင်းများတွင်ရှိသော ယဉ်ကျေးမှု သင်တန်းများ ဓမ္မစကူးများ သို့ ကလေးငယ်များ ရောက်ရှိသင့်ပါသည် ။

Written by – Domelay @domelay

·in#myanmar·by
2
Sort: