Skip to content

Upgrade

in#esteem

image Credit to orginal uploader. ဒီနေ့ facebook မွှေရင်းနဲ့ ကိုယ့်ကိုကိုယ် upgrade လုပ်ရမဲ့ အကြောင်းလေးရေးထားတာတွေတော့ ကိုယ့်အတွေ့အကြုံ သတိရသွားတယ်။ ကျောင်းပြီးတော့ Engineering company တစ်ခုအလုပ်စဝင်တော့ ကိုယ်မသိတာတွေအများကြီးဆိုတော့သင်ယူရတာပေါ့။အလုပ်က ကွန်ပြူတာနဲ့ အင်ယာပုံဆွဲ လုပ်ငန်းဆိုပါတော့။အလုပ်ထဲမဝင်ခင် ကိုယ်သင်တန်း တတ်ခဲ့တာက Cad Software 2005 version လောက်ပေါ့။အလုပ်စဝင်ချိန်က 2009လောက်ပေါ့။အဲ့အချိန်မှာsoftware version ကတော်တော်ကွာနေပြီ။ဒါပေမဲ့ သူရဲ့ အခြေခံက မပြောင်းတာရယ် ဆက်ပြီး လေ့လာနေတော့ အခက်အခဲတော့ မရှိဘူးပေါ့။အဲ့ဒီ့တုန်းက တစ်ချို့လူတွေဆို software version တစ်ခုပြောင်းတိုင်း တစ်ခါ သင်တန်းလိုက်တတ်နေတယ်လို့ ကြားရတယ်။အမှန်တော့ software ရဲ့အခြေခံက မပြောင်းတော့ ကိုယ့်ဘာသာကိုယ် လေ့လာသွားလို့ ရတယ်။အဲ့လိုနဲ့ company မှာအလုပ်ဝင်ရင်း သတိထားမိတာက software တစ်ခုက version တော်တော်အောက်နေပြီ။အဲ့ဒီအချိန်က 2009လောက် ရှိတဲ့အချိန်မှာ အဲဒီ software က 2000 version ကြီးဖြစ်နေတာ။အဲဒါနဲ့ ကိုယ်လဲ version အသစ်မထွက်ဘူးလားလို့ လိုက်စူးစမ်းကြည့်တော့ အသစ်ကထွက်တယ်။ ဘယ်သူမှမသုံးတာ။ အဟောင်းက သုံးရတာ အသားကျနေတော့ ဘယ်သူမှ အသစ်ကို မပြောင်းချင်ဘူး။အဲ့ဒီအချိန်က အဲ့ software ရဲ့သင်တန်းကလဲ တော်တော် ရှားတယ်။ကိုယ့်ဘာသာကိုယ် self study လုပ်ရမှာကိုး။အဲ့အချိန်ကတည်းက တတ်သလောက်မှတ်သလောက် software version သစ်ကိုလေ့လာမိခဲ့တယ်။အဲ့ဒီတုန်းကလေ့လာခဲ့ပြီး သိပ်အသုံးမချနိုင်ပေမဲ့ နိုင်ငံခြား နှစ်ကြိမ်လောက် ထွက်ပြီး အခုလက်ရှိ companyမှာမှ တော်တော်လေး အသုံးချလာနိုင်တယ်။လေ့လာခဲ့တာက 2009 လောက်ကဖြစ်ပြီး တစ်ကယ်လုပ်ငန်ုခွင်မှာ အသုံးခနိုင်တာက 2014လောက်မှာ အသုံးချလို့ရခဲ့တယ်။အဲ့ဒါဘာလို့လဲလို့ စဉ်းစားကြည့်တော့ upgrade လုပ်ခဲ့လို့ ဒီလို အသုံးချနိုင်တာလို့ ထင်တယ်။ စလေ့လာပြီး မေ့မေ့ပျောက်ပျောက်ထားလိုက်ရင် ဘာမှလည်းထုတ် သုံးလို့ရမှာမဟုတ်ဘူး။အခု လက်ရှိလုပ်နေတဲ့ company မှာလည်း ဒီ skill လေးတစ်ခုရှိတော့ အလုပ်ပိုလုပ်လို့ ရလာတယ်။ကိုယ် study လုပ်တာက ချက်ချင်း အသုံးချဖြစ်ချင်မှ ဖြစ်မယ်။ဒါပေမဲ့ ဆက်လည်းလေ့လာရင်း အလုပ်မှာလည်း လုပ်ခွင့် အခြေအနေ ပေးလာရင် အသုံးချဖြစ်ပြီးတော့ အခွင့်အလမ်း အသစ်တွေ ရလာနိုင်ပါတယ်။အဲဒီတော့ ကိုယ်လုပ်နေတဲ့ လုပ်ငန်းနယ်ပယ်မှာ လုပ်နေရင်းနဲ့ အခွင့်အလမ်း အသစ်တွေ အတွက် upgrade တော့လုပ်နေရအုံး မှာပါဘဲ။

·in#esteem·by
1
Sort:
  • steembottrackerr profile picture

    $0.00