Skip to content
Lumen

ဘရူနိုင်းနိုင်ငံ အကြောင်းတစေ့တစောင်း

in#esteem

image Credit to Google ဘရူနိုင်းနိုင်ငံဟာ ဘော်နီယိုကျွန်းပေါ်မှာ တည်ရှိတဲ့ ဆူလတန်ဘုရင့်နိုင်ငံငယ်လေး တစ်နိုင်ငံဖြစ်ပါတယ်။အရှေ့မလေးနဲ့ နယ်နိမိတ်ချင်းထိစပ်နေပြီး လူဦးရေအားဖြင့် ခန့်မှန်း ၄သိန်းဝန်းကျင် ရှိပါတယ်။အဓိကလူမျိုးကြီးတွေ ကတော့ မလေးဘရူနိုင်း၊ မလေးတရုတ်၊ indiaနဲ့ မူရင်းအခြေချနေထိုင်သူ အီဗန်းလူမျိုးတို့ နေထိုင်ပါတယ်။ အလယ်အလတ် အစ်စလမ်ဘာသာကို အဓိကထားကိုးကွယ် ပြီး အခြားဘာသာသာတွေဖြစ်တဲ့ မဟာယာန buddhist ကျောင်းနဲ့ ရိုမန်ကတ်သလစ် ဘာသာ church ကျောင်းလည်းရှိပါတယ်။ image Credit to Google ဘာသာစကားအနေနဲ့ မလေးဘာသာစကားနဲ့ Englishဘာသာစကားကိုလည်း ရုံးသုံးအဖြစ် ပြောဆိုကြပါတယ်။ နိုင်ငံရဲ့အဓိကဝင်ငွေကတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကနေ ရရှိပါတယ်။ လူသုံးကုန်ပစ်စည်း ကတော့ သွင်းကုန်များ ပါတယ်။နိုင်ငံဟာ အေးချမ်းတည်ငြိမ်ပြီး ဒုစရိုက် အမှုအခင်းလည်း မရှိသလောက် နည်းပါးပါတယ်။ နိုင်ငံမှာရှိတဲ့ ကျောင်း၊ဆေးရုံနဲ့ လမ်းတွေဟာဆိုရင် သန့်ရှင်းပြီး စနစ်ကျပါတယ်။ ပညာတတ်နှုန်းလည်း မြင့်တဲ့နိုင်ငံတစ်နိုင် ဖြစ်ပါတယ်။ နိုင်ငံသားတွေအတွက် အခွန်ကင်းလွတ်ခွင့်တွေရှိတဲ့ အတွက် စီးပွားရေး ပြေပြေလည်လည် ရှိကြပါတယ်။ အိမ်တိုင်းမှာ ကိုယ်ပိုင်ကား ရှိပြီး Public Bus ကို အသုံးပြုမှု နည်းပါတယ်။ ဒီနိုင်ငံမှာ အလုပ်လာလုပ်တဲ့ တခြားနိုင်ငံသားတွေကတော့ Public Transport ကိုအားထား စီးကြပါတယ်။ ဒီနိုင်ငံမှာ အလုပ်လာလုပ်တဲ့ နိုင်ငံခြားသားအနေနဲ့ကတော့ အင်ဒိုနီးရှား၊ ဖိလစ်ပင်း၊ ဘင်းဂလားဒေ့ရ်၊ပါကစ်စတန်၊ india ၊ နီပေါ၊ ထိုင်း၊ သီရိလင်ကာ နဲ့ မြန်မာ တို့အသီးသီး ရှိကြပါတယ်။ image ဒီနိုင်ငံမှာ ထူးခြားချက် နေရာတိုင်း သစ်ပင်တွေနဲ့ စိမ်းစိမ်းစိုစို ရှိနေတာပါ။ သဘာဝပတ်ဝန်းကျင်ကို အလေးထားပြီး သစ်ပင်ခုတ်တာကိုလည်း တင်းကြပ်စွာ တားမြစ်ထားပါတယ်။ image တည်ဆောက်ရေးအနေနဲ့ အရှေ့တောင်အာရှမှာ အရှည်ဆုံးဖြစ်လာမဲ့ တံတားကြီးကို တည်ဆောက်နေဆဲပါ။ နောက်ထပ်စီမံကိန်းတစ်ခုကတော့ တရုတ်နိုင်ငံက ရင်းနှီးမြှပ်နှံတဲ့ ရေနံချက်စက်ရုံတွေနဲ့ ရေနံသန့်စင်စက်ရုံတွေပါ။ဒါတွေကလည်း တည်ဆောက်ဆဲဘဲရှိပါသေးတယ်။ နိဂုံး ချုပ်ရရင် ဘရူနိုင်းနိုင်ငံဟာ အနာဂတ်မှာ တည်ငြိမ်ပြီး တိုးတတ်ဖွံ့ဖြိုးလာမဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်တယ် ဆိုတာ အထင်အရှား ဖြစ်ပါတယ်။

·in#esteem·by
$0.00
3
Sort:
  • nyinyiaung profile picture

    done

    $0.00
    • sanaung53 profile picture

      ဗဟုသုတမျှဝေပေးတဲ့အတွက်ကျေးဇူးပါ

      $0.00
      • shinnthant profile picture

        Ok,thz

        $0.00