Credit:photo
အာစိ ခုနကအခန်းမှာ
ဗိုလ်ကြီးက
i phone ကိုင်တာ ပါသွားတယ်
အာ့ ဘာဖြစ်လဲကွ i phoneက လူကိုင်ဖို့ ထုတ်ထားတာပဲဟာာ
ဒါတော့ ဟွတ်ဒယ်လေ ဒါပေ့မယ် ပျိတ်သတ်တွေက ဝေဖန်တော့မှာ ဒီဗိုလ်ကြီး i phoneကိုင်နိုင်ဒယ် ဆိုပီးး
ဒါလည်း ဟုတ်သားကွ ဒလိုလုပ်ကွာာ ယုတ္တိရှိသွားအောင် ရှေ့အခန်းမှာ မိုးကုတ်မှာ ကျောက်အောင်တဲ့ တခန်းထည့်ပေးလိုက်
ငမ်!!စစ်ဗိုလ်က ဘယ်နှယ့် ကျောက်အောင်ရမှာတုန်းး
မင်းကလည်း ခက်တာမှတ်လို့ လာ ကန်တော့တာ တခန်းထည့်လိုက်ပေါ့ကွာာ
ဟာ အာစိကလည်း ဘယ်သူက လာကန်တော့တာတုန်းး
ဆောဒီး ငါ လောသွားလို့ ဒလိုကွ သားဗိုလ်ကြီးက သီတင်းကျွတ် လာကန်တော့တဲ့ အခါ မိုးကုတ်မှာ ကျောက်အောင်ထားတဲ့ သူ့အဖေက သူ့သားကို i phone ပေးတဲ့ အခန်း ထည့်ရိုက်မယ်လေ အာ့ဆို ပြီးပြီပေါ့
ပိုင်ပါပေ့ အာစိရယ်. . ဒါကြောင့်လည်း အာစိက အာစိဖြစ်နေတာကိုး ဒါနဲ့ မင်းသားနဲ့ သယ်ရင်းတွေ တွေ့ဆုံခန်းကို ဘီယာဆိုင်မှာ ရိုက်ရင်ကောင်းမယ်ညော်
ငလူးမ!! ဒါကြောင့် မင်းမတိုးတက်တာ မင်းသားက ဗိုလ်ကြီးလကွာာ ဘီယာသောက်တာ ထည့်ရိုက်ရင် ဆင်ဆာထိမှာပေါ့ ငတုံးရဲ့
သူတို့လည်း လူပဲ ဥစ္စာ တခါတလေ သယ်ရင်းတွေနဲ့ဆုံတုန်း သောက်ကြစားကြခန်းရိုက်တာ ဘာဖစ်လို့လဲဗျ. . အပြင်မှာလည်း ဒလိုပဲကို . .
အပြင်မှာနဲ့ ဓါတ်ရှင်ထဲ မတူဘူးဟ ယုတ်စွ အဆုံး ဒေါသထွက်တာတို့ စိတ်ဆိုးတာတို့တောင် ထည့်မရိုက်လေနဲ့ ဓါတ်ရှင်တွေထဲမှာ သူတို့သရုပ်က အရမ်းသဘောကောင်းစိတ်ကောင်း သဘောထားပြည့်နေမှ သဘာဝကျတာာ. .!!
အော်!!ဒလိုကိုးးးး ဟော. . သူပုန်မ အဖြစ် သရုပ်ဆောင်မယ့် ကောင်မလေးတွေ ရောက်နေပြီ အာစိ. .
လခွမ်း!!! သူပုန်မတွေက ချောလှချည်လားဟ မင့်ခိုင်းလိုက်ရင် သောက်တလွဲတွေချည်းး
အာစိကလည်း ဖွဘုတ်က သူပုန်မလေးတွေဆို အရမ်းချောကြတာ ကျော်လည်း အာ့ဒါတွေ့ပြီးး. .
ငတုံးး!! သူပုန်မတွေက ဒလောက် ချောနေမှတော့ နောက်ဆုံး ဂန့်တဲ့ အခါ ပျိတ်သတ်တွေက နှမြောတသ ဖြစ်ကုန်ရင် ကောင်းမလားဟ သွားး ဈေးထဲက ငါးစိမ်းသည်မ သုံးလေးယောက် ခေါ်လာခဲ့ သူတို့ တနေ့ရတဲ့ အမြတ်ထက် ပေးမယ် ပြော ရုပ်ကြမ်း နှုတ်ကြမ်းရင် ပိုအဆင်ပြေတယ် ဒါမှ ပျိတ်သတ်က ပို အော့နှလုံးနာမှာ. .
ဟုတ်. .အာစိ ကျော်ခုပဲ သွားရှာလိုက်မယ်
ခဏနေဦး မင်းသမီးက ကျောင်းဆရာမဆိုတော့ ခလေးကို ကျောင်းမှာ စာသင်တာ တခန်းလောက်ထည့်ရိုက်မှ အဆင်ပြေမှာာ ခုက စာမေးပွဲတုန်းဆိုတော့ ကျောင်းတွေက အားမှာ မဟုတ်ဘူး ဘယ်မှာ ရိုက်ရင် ကောင်းမလဲဟျောင့်
ဒါများ အာစိရာ တပည့်ကျော် ရှာထားပြီးပါပြီ ဟိုမှာ ကြည့်လိုက်. .
အမ်!!! နွားတင်းကုတ်ကြီး စာသင်ကျောင်း ရိုက်ပါမယ်ဆိုမှ ဘာ လာပြနေတာလဲ
အာစိကလည်း တချို့ရွာက မူလတန်း ကျောင်းတွေ အာ့လောက်တောင် မသားနားဘူး ကျူးကျော်တောင် တချို့ကျောင်းတွေထက်ကောင်းသေး အာ့မှာ သုံးထပ်သားကို ဆေးအနက် သုတ် ကျောက်သင်ပုန်းအဖြစ် ထောင်ထားပြီး ရိုက်ရင် ကွက်စိပဲ. .
ငလူးမ!!! ငါ့ကို ဆင်ဆာထိအောင် လုပ်နေပြန်ပြီ
သေချာမှတ်ထား
အပြင်မှာ ဒါထက်ဆိုးဆိုး
မဆိုးဆိုး
ဓါတ်ရှင်ထဲမှာ
ကျောင်းဟာ
ကျောင်းနဲ့ တူရမယ်
ဘယ်လောက်ခေါင်တဲ့
ဆင်းရဲတဲ့ ရွာဖြစ်ဖြစ်
ဓါတ်ရှင်ရိုက်ရင်
ကျောင်းသားတွေ
ကျောင်းစိမ်း ဝတ်လို့ရိုက်ရမယ်ဆိုတာကို
တသက်လုံး
တိုးတက်မယ့် အကောင်
မဟုတ်ဘူးး
မင့်သာ အားကိုးရင်
တကားလုံး ဆင်ဆာဖြတ်ခံရမှာ. .
ယီးတဲ့မှပဲ. .
အရှိကို အရှိအတိုင်း
ပြချင်ရင်
ဒီနိုင်ငံမှာ
ဒါရိုက်တာ လုပ်ဖို့
ယောင်လို့တောင်
စိတ် မကူးလေနဲ့ ငလူးမရဲ့. .!!
ဟူးးးး ဓါတ်ရှင် ဒါရိုက်တာတျောက်ဖြစ်ဖို့ လွဟ်တာမှတ်လို့. . . အရှိကို မရှိ အတိုင်း ရိုက်ပြနိုင်မှ. .
Credit #ဆြာလွင်