a ဖြစ်စေချင်ပါသည်
@@@@@@@@@@@@@@@
ရုတ်တရက် ပြောပြချင်သော အကြောင်း
အရာတစ်ခု ဖျတ်ခနဲပေါ်လာသည်။ ဝေခွဲမရ ဖြစ်နေသော အတွေးများ နှလုံးသားတွင် ကိန်း ဝပ်နေ၏။ ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်သော တိုင်းရင်းသားအများစုသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။ ဗုဒ္ဓဘာသာ ရဟန်းတော်များ၏ တရားတော်များကို နာယူ ကြသည်။ စကားစလေးလမ်းကြောင်းလွဲမည် စိုးသဖြင့် ကျွန်တော်မေးချင်သော အကြောင်း အရာ ယခုမှစ၍ မေးပါတော့မည်။ ကျွန်တော်တို့ဗမာလူမျိုးအများစုသည် အလှူအတန်း များစွာပြုလုပ်ကြသည်။ အထူး သဖြင့် ဘုရားတည် ၊ ကျောင်းဆောက် ၊ ရဟန်း သံဃာ များအား လှူကြသည်။ တကယ် ကို မွန်မြတ်သော သာသနာကို ထောက်ပံ့ခြင်းဖြစ်သည်။ ရဟန်းအချို့သည် သာသနာအတွက် လှူ ဖွယ်ဝတ္ထု နှင့် ငွေ များကို ကိုယ်ပိုင်ပစ္စည်းဥစ္စာ ကဲ့သို့ အသုံးပြုနေကြသည်ကို တွေ့မြင်ရ၏။ အချို့ရဟန်းများသည် တိုက်ကျောင်း ကား တီဗွီ စလောင်း အစရှိသော ကာမဂုဏ်အာရုံ များနှင့် မွေ့လျော်သီတင်းသုံးနေကြသည်။ ကျွန်တော်သည် မိရိုးဖလာဗုဒ္ဓဘာသာဝင် ဖြစ် ၏။ ငါးပါးသီလဟူသော စောင့်ထိမ်းအပ် သော သီလကိုသာ သိသည်။ ထို့ကြောင့် ကျွန်တော်မသိ၍ မေးချင်ပါ၏။ ဒါယိကာ ဒါယိကာမတို့က လှူသောပစ္စည်းမှာ သာသနာအတွက်လှူတာရှိသည်။ ပုဂ္ဂိုလ်အရ လှူတာရှိသည်။ ဒါပေမယ့် ကျေးရွာဘုန်းကြီး ကျောင်းများသည် " အစဉ်အဆက် " ထိုင်ကြ တာများသည်။ အဆိုပါကျောင်းကို ကျောင်း ထိုင်ဘုန်းကြီးကပိုင်သလား? သာသနာရေး အတွက် ဒါယိကာ ဒါယိကာမ များက ဆိုင်သ လား? အဆိုပါ ဘုန်းကြီးနေသောမြေသည် သာသနာ့မြေလား? သာသနာ့အဆောက်အဦ လား? အားလုံးကို ဘုန်းကြီးကပိုင်တာလား? သာသနာပိုင်မြေဆိုလျင်ကော အဲဒီမြေပေါ်မှာ ဘုန်းကြီးအကျိုးစီးပွားရှာလို့ရပါသလား? { မည်သူ့ကိုမျှ မရည်ညွန်း သိလို၍သာ } ဟုတ်ကဲ့။ ရဟန်းတော်များသည် ဘုန်းကြီးကျောင်းသာသနာနယ်မြေသို့ အလှူ အတန်းများများ ပြုလုပ်ရန်ဟောကြားနေကြ သော်လည်း ရဟန်းတော်များက အမှန် တကယ်လိုအပ်နေသော နေရာဒေသများသို့ ပေးကမ်းစွန့်ကြဲတာ " အချို့ရဟန်းတော် " များသာ တွေ့ရသည်။ ဗုဒ္ဓဘာသာအချို့ ရဟန်းတော်များသည် တိုက်၊ ကား ၊ ဖုန်း ၊TV စလောင်း အပြည့်အစုံ နှင့် ဘဏ်တွင်ငွေစုကြ သော်လည်း{သို့} လက်ထဲတွင် ငွေသီသော် လည်း ရေဘေး ၊ မီးဘေး ၊ လေဘေး စသည့် ဒုက္ခသင့်သောဒေသများသို့ လှူ၍ မရဘူးလား? ဘာကြောင့် အမှန်တကယ်လို အပ်နေသော နေရာများသို့ လှူဒါန်းရန် မဟောကြားသလဲ? ဝိနည်းတော်နှင့် မညီ၍လား? အချို့ကျေးလက်ဒေသများ ၊ မြို့များတွင် တရားပွဲပြုလုပ်သောအခါ ဘုန်းကြီးတစ်ပါး {၆}သိန်းမှ { } သိန်း ပေးငှား၍ တရားပွဲကျင်း ပကြသည်ကိုတွေ့ရသည်။ ရဟန်းတော်ဆို တာ နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းများ ပရိသတ်ကို ဟောကြားရာဝယ် ဒဃာ/မ တို့ ကို ဘာကြောင့်သတ်မှတ်ပေးသလဲ ။ လှူဖွယ် ရသည်ဖြစ်စေ ၊ မရသည်ဖြစ်စေ ရဟန်းတော် တစ်ပါးသည် သာသနာပြုရမှာ မဟုတ်ဘူး လား? မေးလိုသောအချက်တွေ များစွာရှိပါသည်။ စာရှည်မည်ဆိုး၍ မရေးတော့။ ခရစ်ယန်အသင်း ဆရာတော်များသည် သူတို့ ဘာသာဝင်များအတွက် ပညာရေး အတွက် အမှန်တကယ်လိုအပ်နေသောသူများကို ထောက်ပံ့သည်။ အစားအစာထောက်ပံ့သည်။ အယူမရှိသလောက်နည်းသည်။ အပေးသာရှိ ၏။ { ယုံကြည်ကိုးကွယ်ရာကို ကွန်မန့်မပေးပါ နဲ့/ နှိုင်းပြသည်သာဖြစ်သည်}။ သူတို့လည်း သူတို့သာသနာပြုနည်းဖြစ်သည်။ ကျွန်တော့် တပည့်ခရစ်ယန်လေးများသည် ပါစတာပြော လျင် မိဘပြောသကဲ့သို့ ယုံကြည်သည်။ ကျွန်တော်ပြောလိုသည်ကား အချို့ရဟန်း တော်များသည် ဒဃာ/မ ကြည်ညိုအောင်မနေ ကြ။ ဝိနည်းတော်နှင့်လည်းမညီ။ ထိုသူက တရားဟောနေလျင်ကော တကယ်အကျိုးရ ပါ့မည်လား? လှူတာတော့ ကုသိုလ်ရမည်မ လွဲ။ ရုပ်ကိုလည်းပြင် စိတ်လည်းပြင်ကြသူများ ဖြစ်စေချင်သည်။ သာသနိကအဆောက်အဦ များသည်လည်းအရေးပါသလို ဒဃာ/မ တို့ ၏ နှလုံးသားဝယ်ဘုရားတည်ရန် ရဟန်းတော် များတွင် တာဝန်အပြည့်ရှိသည်။ အိန္ဒိယသည် ဗုဒ္ဓပွင့်ရာဖြစ်ပြီး သာသနိကအဆောက်အဦမျာ သော်လည်း****။
ဆရာနေ အင်္ဂလိပ်
